ပြန်လွတ်အကျဉ်းသား သုံးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်
နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦး စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပေမယ့် နိုင်ငံရေးအကျဉ်းသား နည်းလွန်းတယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
KBC အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာ
2024-04-17KBC အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန် ဧပြီ ၁၇ ရက်မှာ စစ်ကောင်စီ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီလို့ သူရဲ့ ရှေ့နေ ဒေါ်ဒေါင်နန်းက ပြောပါတယ်။
နေပြည်တော်အမတ် ဦးသန့်ဇင်ထွန်း ပြန်လည်လွတ်မြောက်လာ
2024-04-17နေပြည်တော် ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆီဆိုင်မြို့ ထိခိုက်ပျက်စီးမှုများ
နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကျည် ထိမှန်လို့ မြို့ပေါ်နေအိမ်တွေ အားလုံးနီးပါး ပျက်စီးခဲ့ရပြီး အထပ်မြင့် အဆောက်အအုံအပျက်တွေကြားမှာ ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေနဲ့ မြို့ပျက်ကြီးလိုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။